Linux serverNETWORK ADMINISTRATIONS

NIC Bounding in Linux

Linux server မှာ NIC Bounding လုပ်ခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရမလဲ?

1. Bandwidth ကိုပါ ပေါင်းစည်းသွားစေပါတယ်../
ဥပမာ – 1G Link လေးလင့် ပေါင်းရင် 4G ဖြစ်သွားစေတဲ့ပေါ့ဗျာ.. အဲ့ အချက်က Bridge တွဲတာနဲ့ မတူတာပါ../

2. တစ် Link ပျက်သွားရင် နောက်ကျန်တဲ့ Link တွေနဲ့ ဆက်အလုပ်လုပ်နေနိုင်ပါတယ်..
ဥပမာ – 4 Link ကို Bonding လုပ်ထားရင် ၃ လင့် ပျက်တဲ့ အထိကို ကျန်တဲ့ တစ်လင့်နဲ့ reachability ဆက်ရနေမှာ ဖြစ်ပါတယ်.. (လေး Link လုံးပျက်ရင်ရော မမေးနဲ့နော်.. ၃ လင့် ပျက်တာတောင် မသိသေးဘူးဆို System သမား Network သမားလုပ်မနေနဲ့တော့ 😛 )
လုပ်သွားရမယ့် Step လေးတွေကတော့ ..

1- NIC Bonding လုပ်ဖို့အတွက် Bond Interface File တစ်ခု Network Config ဖိုင်တွေ ရှိတဲ့ အောက်မှာ ဆောက်ပေးရပါမယ်/

2- အဲ့လို ဆောက်လိုက်တဲ့ Bond Interface File ကို Master အဖြစ် သတ်မှတ်ပေးရပါတယ် (load balancing mode တွေ , တစ်လင့် Down ရင် နောက်တစ်လင့်တက်ဖို့ အချိန် (ms) လေးတွေ သတ်မှတ်ပေးရပါသေးတယ်..)

3- နောက်ပြီး ကိုယ် Bond ထဲမှာ ပါစေချင်တဲ့ Physical Card တွေကို Slave အဖြစ်နဲ့ သတ်မှတ်ပေးရပါပြီး သူတို့ရဲ့ Master Card ဟာ Bond Interface ဖြစ်ပါတယ်လို့ ကြေငြာပေးထားရပါတယ်

4- နောက်ဆုံး အဆင့်အနေနဲ့ကတော့ Physical Card တွေကို up ပေးပြီး Bond Interface မှာ Physical Card တွေအစား IP သွားပေးပြီး Network Service ကို Restart ချ ပြီး သုံးရုံပါပဲ။

OK ကျနော်တို့ စလုပ်လိုက်ကြရအောင်
အခုလုပ်မယ့် Lab က CentOS 7 မှာ Network ကဒ် ၂ ကဒ် ဆိုက်ပြီး လုပ်ပြပေးသွားပါမယ်။

Lab Requirements
# Virtual Box
# CentOS 7 VM
# Enable 2 NIC in VM Setting and Allow All in promiscuous mode
Virtual Box က CentOS VM မှာ NIC ၂ ကဒ်ထည့်ပြီး Start လုပ်ထားပြီး root ကောင့်နဲ့ Login ဝင်ထားလိုက်ပါ။
ကျန်တဲ့ အဆင့်လေးတွေကို Video လေးကိုကို ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ရအောင်ဗျ ။ လိုအပ်ရင် Pause လေး နှိပ် နှိပ်ပြီး သေချာ ကြည့်ပေးပါဗျ

ချစ်သော ..
#ရှားသူ
#linux #t4b #NIC_Bounding #sharthu

source

centos 7